မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမှုနှင့်ပတ်သက်၍ ထွက် ပြေး တိမ်းရှောင်နေသူဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောဆိုခံထားသည့် Natural Force ကုမ္ပဏီ လီမိတက် ပိုင်ရှင် ဦးရဲထွန်းကျော်အား စက်တင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ ကြောင်း၊ ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ၁,ဝဝဝ ပြား၊ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး (အ လေးချိန် ၃၅ဝ ဂရမ်) နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသော အမှုများနှင့် ပတ်သက်နေသူ ဦးရဲထွန်းကျော်သည် ရခိုင်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သွားရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။