အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့က မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတချို့၌ ဂျီဟတ်တိုက်ပွဲ ဆင်နွဲသွားမည်ဟု ပြီး ခဲ့သည့် ရက်ပိုင်းက ခြိမ်းခြောက်ထားသည့်အတွက် ရခိုင်ပြည်နယ်၊ မောင်တော နယ်စပ်တလျှောက် လုံခြုံရေး အင်အား တိုး မြှင့်ချထားကာ၊ ဒေသခံများအား သတိဖြင့် နေထိုင်ကြရန် သက်ဆိုင်ရာ အာဏာပိုင်များက နှိုးဆော်ထားကြောင်း မောင်တော ဒေသခံများ က ပြောသည်။ ထို့အတူ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ ( RSO ) ကလည်း အကြမ်းဖက် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့် အတွက် နယ်စပ်ဒေသနှင့်မောင်တောမြို့ပေါ်၌ပါ လုံခြုံရေး တိုးမြှင့်ရန် ဌာနဆိုင်ရာ ဝန်ထမ်းများအား ညွှန်ကြားထားကြောင်း၊ နယ်စပ်ဒေသ၌ ယခု အခါ လုံခြုံရေး ယူထားသည့် ရဲတပ်ဖွဲ့များ အပြင် တပ်မတော်မှ တပ်ရင်းများကိုပါ နယ်စပ်ဒေသ၌ တိုးချဲ့ ချထား ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။