ခါကာဘိုရာဇီ တောင်တက်သမား ၂ ဦးကို ရှာဖွေရေး ရိက္ခာပို့သည့် လူ ၃ ဦးပါ ရဟတ်ယာဉ် စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် အဆက်အသွယ် ပြတ်တောက်ခဲ့ရာ အောက်တိုဘာ ၇ ရက်နေ့ မွန်းလွဲတွင် ရဟတ်ယာဉ်ပေါ် ပါသွားသူ ၃ ဦးနှင့် အဆက်အသွယ်ပြန်ရပြီ ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာသည်။ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်ပေါ်တွင် မြန်မာလေယာဉ်မှူး တဦး၊ ထိုင်းလေယာဉ်မှူး တဦးနှင့် တောင်တက်ကျွမ်းကျင်သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။