ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၏ မြန်မာပြည်ခရီးစဉ် ယနေ့စတင်ပြီဖြစ်သည်၊ ပထမဆုံး နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံကာ ဒေသတွင်းကိစ္စရပ်များနှင့် စီးပွားရေး လူမှုရေး ကိစ္စများကို ဆွေးနွေးမည်ဖြစ်ပြီး၊ မြန်မာပြည်ရှိ ရှမ်းပြည်နယ်မှ ကျိုင်းတုံ၊ တနင်္သာရီတိုင်းမှ မြိတ်၊ ကော့သောင်း စသည့် မြို့သုံးမြို့နှင့် ထိုင်းနိုင်ငံမှ ချင်းမိုင်၊ ပရာကျွတ်၊ ရနောင်းမြို့များကို ညီအမမြို့များအဖြစ် သတ်မှတ်ကာ စီးပွားရေး ဖွံဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လက်မှတ်ထိုးမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။