အစိုးရ စစ်တပ်၏ ဖမ်းဆီးခြင်း ခံထားရစဉ် သေဆုံးသွားရသည့် အလွတ်တန်း သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဥပဒေ အရ အရေးယူပေးပါရန် ပြည်မြို့၌ ယနေ့ နံနက်ပိုင်း က ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူပေးရေး၊ ကျန်ရစ်သူ မိသားစုအနေဖြင့် တရားမျှတမှုရှာဖွေခွင့် ရရှိရေး၊ စိတ်ခံစားမှု ကုစားခွင့်ရရှိစေရေး စသည်တို့ကို ဆောင်ရွက်ပေးရန်လည်း နိုင်ငံ တော် သမ္မတ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခဲ့ကြောင်း ဆန္ဒပြပွဲအား ဦးဆောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကျော်ဆန်း က ဧရာဝတီ ကို ပြောသည်။ ဆန္ဒပြပွဲအား ပြည်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဝင်များ၊ ပြည်ခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်းအသင်းမှ အဖွဲ့ဝင်များ၊ လူမှု အဖွဲ့အစည်းများ၊ ၈၈ ပွင့်လင်း အဖွဲ့ အစည်းဝင်များ၊ တက်ကြွ လှုပ်ရှားသူများ စသည်ဖြင့် စုစုပေါင်း လူအင်အား ၇၀ ဝန်းကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။