မြောက်ကိုရီးယားနိုင်ငံမှ ကိုယ်စားလှယ်များသည် နေပြည်တော်တွင် ကျင်းပနေသည့် ၂၅ ကြိမ်မြောက် အာဆီယံ ထိပ် သီး အစည်းအဝေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ဆိုသည်။ မြန်မာနိုင်ငံက အလှည့်ကျ အာဆီယံ ဥက္ကဌ တာဝန်ယူကျင်းပသည့် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်ကို အမေရိကန်သမ္မတ အိုဘားမား ၊ အိန္ဒိယ ဝန်ကြီးချုပ် နေရင်ဒြာ မိုဒီ၊ တရုတ် သမ္မတ ဇီကျင်ပင်း၊ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟီး၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အပါအဝင် အဖွဲ့ဝင် ၂၇ နိုင်ငံ များမှ နိုင်ငံ့ခေါင်းဆောင်အများစု တက်ရောက်ကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။