မြန်မာနိုင်ငံ၌ ဆင်းရဲမှု လျော့ချနိုင်ရန် တရုတ်နိုင်ငံက လယ်ယာစိုက်ပျိုးရေး ကဏ္ဍနှင့် အသေးစားချေးငွေ အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးမည်ဖြစ်ကြောင်း ယမန်နေ့က တရုတ်ဝန်ကြီးချုပ် လီခချန်းက နေပြည်တော်၌ မီဒီယာများနှင့် တွေ့ဆုံ ပြောဆိုကြောင်း ယနေ့ထုတ်အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း၌ ဆန်လုံလောက်စွာ ထွက်ရှိသောလည်း မြန်မာ ဆန်တန်ချိန် ၁သိန်းကိုလည်း ဝယ်ယူတင်သွင်းသွားမည် ဖြစ်ပြီး၊ ထို့အပြင် လာမည် ၂၀၁၅ ခုနှစ်တွင် မြန်မာ ကျောင်းသား ၁၀၀ခန့်ကိုလည်း ပညာတော်သင်အဖြစ် လက်ခံသွား မည်ဖြစ်ကြောင်း ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။