သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ- တောင်ကိုရီးယား ဆက်ဆံရေး ၂၅ နှစ် မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တက်ရောက်ရန် တောင်ကိုရီး ယားနိုင်ငံသို့ ဘူဆန်မြို့သို့ ယမန်နေ့ ညနေပိုင်းက ဆိုက်ရောက်သည်။ သမ္မတနှင့် အတူ အစိုးရ ဝန်ကြီးများဖြစ် ကြ သော ဦးဝဏ္ဏမောင်လွင်၊ ဦးကျော်ဆန်း၊ ဦးမြင့်လှိုင်၊ ဦးမောင်မြင့်၊ ဒေါက်တာကံဇော်၊ ဦးရဲထွဋ်၊ ကာကွယ်ရေး ဦးစီးချုပ် ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း အစိုးရသတင်းက ထုတ်ပြန်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။