ပြီးခဲ့သည့်နှစ် စက်တင်ဘာလက မန္တလေးခရိုင် ကျောင်းသား သမဂ္ဂမှ မြန်မာစာ ဒုတိယနှစ် ကျောင်းသူ မဖြူနှင်းထွေး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် “ ဖြူနှင်းထွေး လွတ်မြောက်ရေး” ဝတ်ပြုဆုတောင်းပွဲ ပြလုပ်ခဲ့သူ မတင်မာနီကို ခွင့်ပြုချက်မယူပဲ လူစုဝေးမှု ပုဒ်မ ၁၈ဖြင့် ချမ်းမြသာစည်မြို့နယ် တရားရုံးမှ ယနေ့ နေ့လည်က ထောင်ဒဏ် ၁လ ချမှတ်လိုက်ပြီး အိုးဘိုထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်းသိရသည်၊ “အခု အစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်နေပါပြီဆိုပေမယ့် အရင်ပုံစံအတိုင်းပဲ ပြည်သူလူထုကို ကြောက်လန့်စေတဲ့ ဥပဒေ ပုဒ်မတွေကို ဆက်လက်ကျင့်သုံးနေဆဲဆိုတာ ပြလိုက်တာပဲ၊ ယုံကြည်မှုမဲ့စေတဲ့လုပ်ရပ်တွေကို ဆက်လုပ်ဆောင် နေတယ်ဆိုချင်ပါတယ်”ဟု မတင်မာနီက ဧရာဝတီသို့ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။