ရှမ်းပြည် မြောက်ပိုင်း မူဆယ် ခရိုင်ထဲက ကောင်းခါး ကျေးရွာမှာ အဓမ္မပြုကျင့် အသတ် ခံခဲ့ရတဲ့ အသက် ၂၀ နှစ် ဝန်းကျင်ရှိ စေတနာ့ ဝန်ထမ်း ကျောင်းဆရာမ မခေါန်နန်စင်နှင့် မလုရာတို့ရဲ့ ရုပ်အလောင်းတွေကို လား ရှိုးမြို့မှ သယ်ဆောင်လာရာ ယနေ့နံနက် ၇ နာရီခွဲခန့်မှာပဲ မန္တလေးမြို့ကို ရောက်ရှိလာပြီး အောင်ပင်လယ် ကချင်နှစ်ချင်း နယ်အဖွဲ့ရုံးမှာ ဝတ်ပြုဆုတောင်းခဲ့ပါတယ်၊ ထို့နောက် မန္တလေးမြို့မှ နာရေးကူမှု အသင်းများမှ ကားများ အပါအဝင် ကား ၁၅ စီးခန့်ဖြင် မြစ်ကြီးနားမြို့ကို ဆက်လက် သယ်ဆောင် နေပြီလို့ သိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။