ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတ အကျဉ်းထောင်မှ အကျဉ်းသား ၃ ဦး ထွက်ပြေးလွတ်မြောက်မှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူ ထောင်ပိုင်ကြီးနှင့် ထောင်ဝန်ထမ်း ၁၃ ဦးအား ရာထူးချ ခုံရုံးဖွဲ့ စစ်ဆေးခံနေကြောင်း သိရသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့က အကျဉ်းသား ၃ ဦးသည် အကျဉ်းထောင် အိပ်ဆောင်ကို ဖောက်ထွင်းပြီး ထောင်နံရံကျော်ကာ ထွက်ပြေး လွတ်မြောက်သွားခဲ့မှုနှင့် ပတ်သက်ပြီး ဟင်္သာတ အကျဉ်းထောင်မှ ထောင်ပိုင်ကြီး၊ ထောင်ပိုင်လေး အပါအဝင် ထောင်ဝန်ထမ်း ၁၃ ဦးအား စစ်ဆေးနေခြင်း ဖြစ်သည်။ ထောင်ဖောက်ပြေးသည့် အကျဉ်းသား ၃ ဦးအား ဖမ်းမိနိုင်ရေးအတွက် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က တိုင်းဒေသကြီး တခုလုံးရှိ ရဲဌာနများသို့ သတင်းအချက်အလက်များ၊ ညွှန်ကြားချက်များ ပေးပို့ကာ လိုက်လံ ရှာဖွေနေသော်လည်း တပတ်ကြာသည် အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။