ယာယီသက်သေခံ လက်မှတ်(White Card) ကိုင်ဆောင်ထားသူတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့် ပြုထားသဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေတို့ကို ပြန်လည် ပြင်ဆင်ရမည်ဟု ပြည်ထောင်စုလွှတ်တော် က ဖေဖော် ဝါရီလ ၂၄ ရက်နေ့တွင် ဆုံးဖြတ်လိုက်ကြောင်းသတင်းရရှိသည်။ White Card ကိုင်ဆောင်သူများ မဲပေးခွင့်ရရှိထားခြင်းမှာ ဖွဲ့စည်းပုံနှင့်ကိုက်ညီမှု မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေဆိုင်ရာ ခုံရုံးက “White Cardကို ဆန္ဒမဲပေးခွင့်ပြုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ပုဒ်မ ၄၊ ပုဒ်မ ၃၈ ပုဒ်မခွဲ(က)၊ ပုဒ်မ ၃၉၁ တို့နဲ့ငြိစွန်းပါလိမ့်မယ်” ဟု ထုတ်ပြန်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။