စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ကြက်၊ ငုံး အထူးဇုန်အတွင်းရှိ ကြက်ခြံများတွင် H5N1 ကြက်ငှက်တုတ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း မွေးမြူရေးနှင့် ကုသရေးဌာနက အတည်ပြုပြောဆိုလိုက်သည်၊ အဆိုပါ ရောဂါကြောင့် ဥစားကြက် ၃၂၄၁ ကောင်၊ ငုံးကောင်ရေ ၁၃၆၁၉ ကောင် သေဆုံးသွားကြောင်း၊ ပြင်ပကြက်ခြံများ ကူးစက် ခြင်းမရှိစေရန်အတွက် မွေးမြူရေး ဇုန်အတွင်း အဝင်အထွက်များ အထူးကြပ်မတ်ခြင်း၊ ရောဂါကြောင့် သေဆုံးကြက်နှင့် ငုံးများကို စနစ်တကျ မြုပ်နှံခြင်း၊ ဇုန်အတွင်း ဇီဝလုံခြုံရေး မြှင့်တင်ခြင်းကို စစ်ကိုင်းတိုင်းဒေ သကြီး ကြက်ငှက်တုတ်ကွေး ထိန်းချုပ်ရေးအဖွဲ့က ဆောင်ရွက်နေသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။