ရန်ကုန်မြို့တွင် စီးတီးတက္ကစီများ သီးခြားရပ်နားနိုင်မည့် ဂိတ်နေရာများ သတ်မှတ်ရန် နေရာရွေးချယ်မှုများ ပြုလုပ်နေကြောင်း မော် တော်ယာဉ် လိုင်းပေါင်းစုံ ထိန်သိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ(မထသ)မှ သတင်းရရှိသည်။ ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ် ဆို့မှု လျှော့ချရန်နှင့် ယာဉ်သွားလာမှု ရှင်းလင်းစေရန်အတွက် ဖြစ်ကြောင်း၊ ယင်း သီးခြားမှတ်တိုင်များကို အဓိက ယာဉ်ကြောများမှ ကင်း လွတ်နေရာများ၊ ဘတ်စ်ကားမှတ်တိုင်များနှင့် ဝေးသည့်နေရာများတွင် မှတ်တိုင်နေရာရွေးချယ်၍ မြို့တော် စည်ပင်သာယာ ရေး နှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသို့ မှတ်တိုင် ဆောက်လုပ်နိုင်ရေးအတွက် တင်ပြသွားမည် ဖြစ်ကြောင်း မထသ တွဲဖက် အတွင်းရေးမှူး ဦးမောင်မြို့က ဧရာဝတီသို့ ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။