မနေ့က ကျရောက်သည့် ကမ္ဘာ့သားရိုင်းတိရိစ္ဆာန်များနေ့ ကို ရန်ကုန်မြို့ ဗြိတိသျှသံရုံးတွင် ကျင်းပရာ ဗြိတိန်အခြေစိုက် TRAFFIC အဖွဲှ၏ “သားရိုင်းတိရိစ္ဆာန်များ တရားမဝင်ကုန်သွယ်ခြင်းကို နှိမ်နင်းခြင်းဖြင့် မြန်မာနိုင်ငံမှ ဇီဝမျိုး ကွဲများနှင့် သဘာဝပတ်ဝန်းကျင်အား ကာကွယ်စောင့်ရှောက်ခြင်း” အစီအစဉ်၌ ဧရာဝတီသတင်းဌာနမှ သတင်းထောက် စနေလင်း ၏ လုံခြုံမှုမရှိတဲ့ တောရိုင်းဆင်များ ဆောင်းပါးက ပထမဆု ရရှိခဲ့ပြီး၊ ဒုတိယဆုကို 7 Day Newsမှ ကိုဇေနွေထွန်းနှင့် မခိုင်ခိုင်စိုးတို့၏ ဘာကောင်စားမလဲကြိုက်တာပြော ၊ တတိယဆုကို Myanmar Times မအေးစံပါယ်ဖြူ နှင့် မမြင့်ကေသီတို့၏ တောရိုင်းတိရိစ္ဆာန်ထွက် ပစ္စည်းတွေဟာ အိမ်အပြန်လက်ဆောင်တွေလား စသည့် ဆောင်းပါးများက ဆုအသီးသီးရရှိခဲ့သည်။ ပထမဆုရှင် ကိုထက်လင်းအား အိန္ဒိယနိုင်ငံရှိ Kaziranga အမျိုးသားဥယျာဉ်တွင် တရားမဝင် ကုန်သွယ်ခံရသော သားရိုင်းတိရိစ္ဆာန်များအား ထိန်းသိမ်းစောင့်ရှောက်မှုကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း သတင်းရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။