ရန်ကုန်မြို့တော်ခန်းမရှေ့ ကျောင်းသားသပိတ်ထောက်ခံဆန္ဒပြပွဲတွင် ဖမ်းဆီးခံရသည့် ၈၈ မျိုးဆက်ကျောင်းသူ ဟောင်း မနီလာသိန်းအပါအဝင် ၈ဦးကို ယနေ့နံနက် ၇နာရီခန့်က ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိ မနီလာသိန်း၏ အခြေအနေမှာ ဖမ်းဆီးခံရစဉ်က ရိုက်နှက်ခံရမှုကြောင့် အနားယူနေရကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။