ပဲခူးတိုင်းဒေသကြီး ၊ လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့၏ ပိတ်ဆို့ခြင်းခံထားရသော ဒီမိုကရေစီကျောင်းသားပင်မ သပိတ်စစ်ကြောင်းကို ယနေ့တွင် ရန်ကုန်မြို့သို့ ချီတက်ရန် အာဏာပိုင်များက သဘောတူညီလိုက်ကြောင်း သိရှိရသည်။ သပိတ်စစ်ကြောင်းသည် လက်ပံတန်းမြို့မှ တာဆုံအထိ ချီတက်မည်ဖြစ်ပြီး တာဆုံမှ ကားများဖြင့် ရန်ကုန်မြို့သို့ ဝင်ရောက်မည်ဖြစ်သည်။ ယနေ့မနက်ပိုင်းတွင် ကျောင်းသားခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် NNER အဖွဲ့ကိုယ်စားလှယ်များသည် ပဲခူတိုင်း နယ်လုံဝန်ကြီးနှင့် တွေ့ဆုံ ဆွေးနွေး၍ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများ၏ လုံခြုံရေးကို အာမခံရန် တောင်းဆိုထားကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။