ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်သည် မတ်လ ၁၆ ရက်က နေပြည်တော်တွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် ပထမအကြိမ် သီးသန့် တွေ့ဆုံစဉ် တပ်ပိုင်းဆိုင်ရာ နေရာချထားရေး ကိစ္စများ တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ နေပြည်တော်တွင် ဒုသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် တွေ့ ဆုံ ခဲ့သည့် ကိစ္စကို ကေအိုင်အေ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က “ ကေအိုင်အေရဲ့ သဘောထား ၊ရှေ့ မျှော်မှန်းချက် တွေကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်၊ နိုင်ငံတော်သမ္မတနဲ့ တပ်ချုပ်ကြီးကို တင်ပြပြီး တပ်ပိုင်းဆိုင်ရာကိစ္စတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြ ပါ တယ် “ ဟုပြောသည်။ မတ်လ ၁၇ ရက်က ရန်ကုန်မြို့ ၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး စင်တာတွင် ကျင်းပသည့် ၇ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် ဆွေးနွေးပွဲ၊ အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်ဂွန်မော်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။