လက်ပံတန်းမြို့နယ်တွင် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုစဉ် အကြမ်းဖက် ဖြိုခွင်း ခံရသည့် ကျောင်းသားများနှင့် အဖမ်းခံခဲ့ရသော ဒေသခံ ၂၀ ဦးကို တရားစွဲဆိုရန် သက်သေ အထောက်အထား မလုံလောက်သဖြင့် သာယာဝတီခရိုင်ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့တွင် ဆန္ဒပြ ကျောင်းသားနှင့် ရဲတပ်ဖွဲ့ဝင်များကြား အဓိကရုဏ်း ဖြစ်ပွားမှုအပြီး ကျောင်းသားနှင့် အားပေးထောက်ခံ ဆန္ဒပြသူ စုစုပေါင်း ၁၃၀ ဝန်းကျင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးနောက် ၃၀ ခန့်ကို မတ်လ ၁၇ ရက်နေ့က ပထမဆုံး အကြိမ်ပြန်လွှတ်ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ ဒုတိယ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းစိန်က “ကျန်တဲ့ ၁၀၀ ဦးထဲက ၂၀ ဦးကို တရားစွဲဆိုဖို့ သက်သေ အထောက် အထား မလုံလောက်လို့ ပြန်လွှတ်လိုက်တာပါ။ ကျနော်တို့မှာရှိတဲ့ မှတ်တမ်းတွေအရ သူတို့က ပါဝင်တာမျိုး မဟုတ်ဘဲ ဘေးက ရပ်ကြည့်တဲ့သူတွေဖြစ်တာ တွေ့ရတဲ့အတွက် ပြန်လွှတ်ပေးလိုက် တာပါ။ ကျန်တဲ့ ၈၀ ဦးကို ဆက်လက် စိစစ်ပြီး ဘယ်လို အရေးယူမယ်ဆိုတာ မနက်ဖြန် သိရမှာပါ” ဟု ပြောသည်။ ယခု ပြန်လည် လွတ်မြောက်လာသူများထဲတွင် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁ ဦး ဖြစ်ပြီး အများစုမှာ လက်ပံ တန်း ဒေသခံများ ဖြစ်ကြောင်း၊ မင်းလှမြို့ခံတဦးလည်း ပါဝင်ကြောင်း သာယာဝတီ ခရိုင်ရဲစခန်းက အတည်ပြုခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။