နိုင်ငံခြားသားများ သွားလာခွင့်တားမြစ်ထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ဖက်ကာ-နမ့်ခမ်းကားလမ်း နှင့် ၁၂မိုင်အကွာ၌ အမေရိကန် နိုင်ငံသား တဦးနှင့် သြစတြေးလျ နိုင်ငံသားတဦးကို လမ်းပြ ပလောင်အမျိုးသားတဦးနှင့် အတူ ကားတစီးပေါ်တွင် ယမန်နေ့ညနေ ၅နာရီခန့်က တွေ့ရှိသဖြင့် မူဆယ်မြို့နယ် ရဲစခန်းမှခေါ်ယူစစ်ဆေး နေကြောင်းသိရသည်။ ၎င်းတို့တွင် ကင်မရာတလုံးစီပါဝင်ပြီး၊ လမ်းပြ၏ ကားပေါ်တွင် WY စိတ်ကြွဆေးပြား ၄၀လည်းတွေ့ရှိကြောင်း မူဆယ်မြို့မ ရဲစခန်းမှ ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။