၂၀၁၅ နီပေါ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော သာသနိက အဆောက်အဦများ မွမ်းမံခြင်းနှင့် ငလျင်ဒဏ်ခံ ဒုက္ခသည်များအား ကူညီရန် Nepal-Myanmar Friendship Council က သွားရောက်ကူညီမည် ဖြစ်ကြောင်း တေးရေးဆရာ ဦးဝင်းမင်းထွေးက ပြောကြားသည်။ “အရေးပေါ်လိုအပ်နေတဲ့ တဲ၊ တာပေါ်လင်(မိုးကာ)နဲ့ စောင်တွေ အများဆုံး ပံ့ပိုးပေးသွားမှာပါ” ဟု ဦးဝင်းမင်းထွေးက ပြောသည်။
နီပေါ ငလျင် ကူညီရန်အတွက် လက်ရှိတွင် အလှူငွေ အမေရိကန် ဒေါ်လာ ၂သောင်း ၉ ထောင်ကျော်၊ မြန်မာငွေ သိန်း ၁၉၀ ကျော် ရရှိထားပြီး ယနေ့ ညပိုင်းတွင် နီပေါ နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်းလည်း သိရသည်။
အလှူငွေများ လှူဒါန်းလိုပါက ဦးမောင်ဝင်း (NMFC-မိတ်ဆွေ) ဖုန်း- 0943122540၊ ဦးဝင်းမင်းထွေး (အမှတ်၁၇၊ မြေညီထပ်၊ ရွေဂုံတိုင် ၄ လမ်း) ဖုန်း- 01-2304223၊ ဦးမင်းချစ်သူ (အမှတ်-၁၄၁၊ မြေညီထပ်၊ ၃၆ လမ်းအလယ်၊ မဟာမိတ် တေးထုတ်လုပ်ရေး) ဖုန်း-01-375942၊ KBZ Bank Account No: 1541220001374 (KBZ-Uwisaya Branch) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။