လှေစီးဒုက္ခသည်များအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုများ တိုးလာနေတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ပြောဆိုလိုက်ပါတယ်။ မနေ့က ထိုင်းနဲ့ မလေးရှားဝန်ကြီးချုပ်တွေဆီကို သူကိုယ်တိုင် ဖုံးဆက်ဆွေးနွေးခဲ့သလို သူရဲ့ လက်ထောက် Jan Eliasson ကလည်း ဘင်္ဂလားဒေရှ်နဲ့ အင်ဒိုနီးရှားဝန်ကြီး တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေး ရာမှာ လှေစီးဒုက္ခသည်တွေရဲ့အသက်တွေကိုကယ်ဖို့ နိုင်ငံတကာ ဥပဒေနဲ့အညီကူညီ လိုအပ်တယ်လို့ ဆိုပါတယ်။ လာမယ့် မေလ ၂၉ ရက်နေ့ ဘန်ကောက်မြို့မှာ ကျင်းပမယ့် လှေစီးဒုက္ခသည်အရေးဆွေးနွေးပွဲမှာ ဒေသတွင်းနိုင်ငံတွေပါဝင်ဖို့ လည်းတိုက်တွန်းခဲ့ပါတယ်၊ မြန်မာနိုင်ငံက တော့ ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ မရှိဘူးလို့ စောစောပိုင်းက ပြောဆိုထားပါတယ်။ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးကတော့ လှေစီးဒုက္ခသည်အရေးကို မြန်မာပါဝင် ဆွေးနွေးဖို့ ပြောဆိုထားပါတယ်။ လန်ဒန်အခြေစိုက် BBC သတင်းအရ ဘင်္ဂလားဒေရှ် နဲ့ မြန်မာနယ်စပ်က လူမှောင်ခိုဂိုဏ်းဟာ ဘင်္ဂလီနဲ့ ရိုဟင်ဂျာ ၂၀၀၀ လောက်ကို ငါးဖမ်းလှေပေါ်မှာတင်ထားပြီး ပင်လယ်ထဲကို ထွက်ဖို့ ပြုလုပ်နေကြောင်း၊ ထွက်ပြေးသူတွေကို ပစ်သတ်ကြောင်း၊ မလိုက်လိုသူများကို ငွေပေးမှသာ ပြန်လွှတ်ကြောင်း လွတ်မြောက်လာသူတွေကို ကိုးကားကာ ဖော်ပြထားပါတယ်။ လက်ရှိအခြေအနေမှာတော့ လှေစီးဒုက္ခသည်တွေကို ဘယ်နိုင်ငံကမှ လက်ခံမယ့် အခြေ အနေမရှိပါဘူး။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။