လာမယ့် မေလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်မယ့် လှေစီးဒုက္ခသည်များအရေးဆွေးနွေးပွဲ ကို မြန်မာနိုင်ငံက တက်ရောက်မယ်လို့ သိရပါတယ်။ မူလက လှေစီးဒုက္ခ သည်အရေးနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးရင် တက်ရောက်မှာ မဟုတ်ဘူးလို့ မြန်မာသမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားပေမယ့် မေလ ၁၈ ရက် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ၌ ပြုလုပ်တဲ့ ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံတကာ သံတမန်များတွေ့ဆုံပွဲအပြီးနောက်ပိုင်း တက်ရောက်မယ်လို့ ပြောဆိုလာခြင်းဖြစ်ပါတယ်၊ ဒီလို တက်ရောက်ဖို့ ဆုံးဖြတ်ခြင်းဟာ Irregular Migrant (ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းဝင်ရောက်မှု) ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲလို့ ထိုင်းအစိုးရက သုံးနှုန်းပြီး အစည်းအဝေး ဖိတ်ခဲ့လို့ မြန်မာအစိုးရဘက်က ကိုယ်စားလှယ်စေလွှတ်တာဖြစ်တယ် လို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက VOA သတင်းဌာနနဲ့ တွေ့ဆုံစဉ် ပြောဆိုပါတယ်၊ မနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား သုံးနိုင်ငံ လှေစီးဒုက္ခသည်များအရေး ဆွေးနွေးပွဲမှာ ပင်လယ်ပြင်မှာ ရှိနေတဲ့ ဒုက္ခသည် ၇၀၀၀ ကျော်ကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေက ယာယီလက်ခံမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဒီလိုဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နဲ့ အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး၊ ယနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့လည်းမြန်မာတာဝန်ရှိသူတွေ ဆေးနွေးမယ်လို့ သိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။