ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများ ငြိမ်းအေးစေရန်လည်းကောင်း၊ လှေစီးဒုက္ခသည်များ ထပ်မံ မပေါ်ပေါက်လာစေရန် တရားဥပဒေစိုးမိုးရေး၊ နယ်စပ်လုံခြုံရေး၊ နယ်စပ်ဒေသနှင့် သက်ဆိုင်သော အာဏာပိုင်များ အဂတိလိုက်စားမှု ကင်းရှင်းရေးများ ပြုလုပ်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့က ယနေ့ကြေညာချက် ထုတ်ပြန်လိုက်သည်။ ကြေညာချက်တွင် လှေစီးဒုက္ခသည်များ၏ လုံခြုံရေးနှင့် သက်သောင့်သက်သာ နေနိုင်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ အကူအညီများ ရယူ၍ ၎င်းတို့ လတ်တလော ရင်ဆိုင်နေရသော ပြဿနာများကို ကူညီဖြေရှင်း ပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် မည်သည့်နိုင်ငံမှဖြစ်သည်ကိုလည်း သေချာစွာ စီစစ်အတည်ပြုရမည်ဖြစ်ကြောင်း၊ တကမ္ဘာလုံးက စိုးရိမ်ပူပန်နေသော လူကုန်ကူးခြင်း ပြဿနာကိုလည်း ထိရောက်စွာ ကိုင်တွယ်ရမည်ဖြစ်ပြီး ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်းကူညီဖြေရှင်း သင့်ကြောင်း ဖော်ပြထားသည်။ ဒုက္ခသည်များပါဝင်သော ရေယာဉ်များ ဆက်တိုက် ရှာဖွေတွေ့ရှိခဲ့ရာ စုစုပေါင်းလူဦးရေမှာ သောင်းဂဏန်းကျော်မည်ဟု ခန့်မှန်းရကြောင်း၊ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်သော်လည်း မြန်မာနိုင်ငံမှလည်း ပါဝင်သည်ဟု သတင်းများအရ သိရှိရသည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။