ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဝန်ထမ်းပေါင်း ၁၄၁၁ ဦး ခန့်အပ်ထားရာ ၁၂၄ ဦးမှာ ကာကွယ်ရေး ဝန်ကြီးဋ္ဌာနမှ ပြောင်းရွှေ့လာသူများ ဖြစ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် မြန်မာ့ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးဋ္ဌာန(MPC)တွင် ယင်းကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုလိုက်သည်။ ကော်မရှင် အနေဖြင့် ဝန်ထမ်းလိုအပ်ချက်ကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ လူဦးရေ တောင်းခံသည့် အခါ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အမြန်ဆုံး အကြောင်းပြန်လာကြောင်း၊ အခြား ဝန်ကြီးဋ္ဌာန အသီးသီးမှ ဝန်ထမ်း ၁၇၁ ဦးနှင့် ပြင်ပမှ အရပ်သား ၁၁၂၆ ဦး ပါဝင်ကြောင်း သိရသည်။ ထို ၁၂၄ ဦးမှာ ရွေးကောက်ပွဲ ကော်မရှင်တွင် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူများ ဖြစ်ပြီး အခြား ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ရှိ စစ်ဘက် အငြိမ်းစားများနှင့် သက်ဆိုင်မှု မရှိပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။