ထိုင်းနိုင်ငံ၊ ကော့စမွေ လိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံထားရသော မြန်မာလူငယ်နှစ်ဦးကို ရုံးတင်ပြန်လည် စစ်ဆေးရန် ၁ လသာလိုတော့ကြောင်း သိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ မှုခင်းစစ်ဆေးရေး ပါရဂူ ဒေါက်တာ ပွန်သစ်က ပြန်လည်စစ်ဆေးနေကြောင်း၊ သက်သေ အထောက်များကို ဖျောက်ဖျက် ထားသဖြင့် အမှုမှန်ပေါ်ပေါက်ရေး ခက်ခဲနေကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ယမန်နှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ကော့စမွေ အကျဉ်းထောင်တွင် စွပ်စွဲထိမ်းသိမ်းထားခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။