ရန်ကုန်မြို့လယ်ရှိ ကုန်သည်ကြီးများ ဟိုတယ် ( Trader Hotel ) ဗုံးဖောက်ခွဲမှုတွင် ပါဝင်သူများကို လာမည့် ဇွန်လ ၁၉ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။ ဗုံးဖောက်ခွဲမှု ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက် ည ၁၁ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ဟိုတယ်တွင် တည်းခိုနေသည့် အမေရိကန်နိုင်ငံသူတဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ထိုအမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စောမြင့်လွင် အပါအဝင် ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့က ဝန်ခံထွက်ဆိုထားသဖြင့် လာမည့် ဇွန်လ ၁၂ ရက်တွင် အမိန့်ချမှတ်ရန် ချိန်းဆိုထားရာမှ ဇွန်လ ၁၉ ရက်သို့ ထပ်မံ ပြောင်းလဲချိန်းဆိုလိုက်ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးမှ စုံစမ်းသိရသည်။ အမှုအား ကျူးလွန်ထားသူ စောမြင့်လွင်သည် ၃/ဖပန (နိုင်) ၀၂၂၅၇၆ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသည့် ကရင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး၊ မွန်ပြည်နယ် ဘီးလင်းမြို့၌ နေထိုင်သူ ဖြစ်ကြောင်းနှင့် ယခင်က ကရင်ပြည်နယ် ဖာပွန်ဒေသ၌ ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်သား လုပ်ခဲ့ဖူးကြောင်း ရန်ကုန်တိုင်း ရဲမှူးကြီးသိန်းလွင်က အမှုစစ်ဆေးစဉ် တွေ့ရှိမှုနှင့် ပတ်သက်ပြီး ဧရာဝတီသို့ ဖြေကြားပြောဆိုခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။