Jeb Bush ဟာ ၂၀၁၆ မှာ ကျင်းပမယ့် အမေရိကန် သမတလောင်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
Jeb Bush ဖခင် George H. W. Bush ဟာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ အမေရိကန် သမတတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး Jeb Bush ရဲ့ အစ်ကို George W. Bush ကတော့ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ အမေရိကန်ရဲ့ ၄၃ ဦးမြောက် သမတတာဝန်ကို ရွေးချယ်တင်ြမောက် ခံရသူဖြစ်ပါတယ်။
Jeb Bush ဟာ Republican ပါတီကနေ သမတလောင်းရွေးဖို့ အတွက် အခြားသူတွေနဲ့အတူ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါမြို့ရဲ့ Governor မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးတာဖြစ်ပြီး နာမည်ကြီး နိုင်ငံရေးမျိုးရိုးက ဆင်းသက်လာသူ ဖြစ်တဲ့အတွက် သမတဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆို ခံရသူလည်း ဖြစ်ပါတယ်။