ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ဖို့အတွက် ထိုင်းအစိုး ရက ရထားဘူတာရုံမှ အများသုံး သန့်စင်ခန်း (အိမ်သာ) တွေကို သန့်ရှင်းရမယ်၊ ခေတ်မှီ ရမယ်၊ ဒီသန့်စင်ခန်းတွေကိုလည်း မိုဘိုင်းဖုန်းကနေ ရှာဖွေလို့ရဖို့ စီမံကိန်းအသစ် စလိုက်ပြီ ဖြစ်ပါတယ်။ ထိုင်းမှာ မြို့ ကြီးတွေ ဆက်သွယ်တဲ့ High Speed Train လို့ခေါ်တဲ့ အထူးအမြန်ရထား စီမံကိန်းတွေ စတင်တော့မှာမို့ ထိုင်းမီးရထား အာဏာပိုင်တွေက အများသုံး သန့်စင်ခန်း များ သန့်ရှင်းခေတ်မှီရေးကို စတင်အားပေးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မီးရထား ဘူတာရုံပေါင်း ၂၅၀ ကျော်ရှိပြီး သန့်စင်ခန်း ၁၄၀၀ ကျော် ရှိတာ ဖြစ်ပါတယ်။ ရထားတွေပေါ်မှာရော ဘူတာရုံတွေမှာပါ အဆင့်မြင့် သန့်စင်ခန်းတွေ ပြင်ဆင် လဲလှယ်တည်ဆောက်ဖို့အတွက် ထိုင်းဘတ် သန်း ၄၀၀ ခန့် သုံးဖို့ ဘတ်ဂျက်မှာ လျာထား တယ်လို့ သိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။