မြန်မာအစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ကူးသန်းရောင်းဝယ်ရေးရုံးခွဲတခုကို ထိုင်ဝမ်နိုင်ငံ၌ ပြီးခဲ့သည့် ရက်သတ္တပတ်ကဖွင့်လှစ်လိုက်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနကိုးကား၍ The China Post သတင်းတွင် ဖော်ပြ ထားသည်။ အဆိုပါ ရုံးကို ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဦးသက်လွင်ဦးက လာရောက်ဖွင့် လှစ် ပေးခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအပြန်ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေး၊ ယဉ် ကျေးမှု၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး ကဏ္ဍများကို လုပ်ဆောင်မည်ဟု သိရသည်။ ထိုင်ဝမ်နှင့် မြန်မာသည် တရားဝင်သံတမန်ဆက် သွယ်မှုမရှိသော်လည်း ၂၀၁၃ ခုနှစ်ကစတင်ပြီး ထိုင်ဝမ်ကုန်သွယ်ရေးရုံးကို ရန်ကုန်မြို့ တွင် ဖွင့်လှစ်ကာ ကုန်သွယ်ရေးကို တိုးမြှင့်ခဲ့သည်။ ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာန အဆိုအရ နှစ်နိုင်ငံကုန် သွယ်ရေးမှာ ၂၀၁၄ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၂၈ သန်းအထိ တိုးတက်ကုန် သွယ်နိုင်ခဲ့သည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။