ကိုးကန့်စစ်ပွဲကာလ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် တရုတ်နိုင်ငံဘက်သို့ ဗုံးကျရောက်ပေါက်ကွဲသည့် ကိစ္စနှင့်ပတ်သက်၍ တပ်မတော်(လေ)အတွင်း စစ်ဘက်ဆိုင်ရာ ရာထူး အပြောင်းအလဲ ပြုလုပ်ခဲ့ရာ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ် လွင်ဦးကို ဗိုလ်မှူးချုပ် မောင်မောင်ကျော်နှင့် အစားထိုးခန့်အပ် လိုက်ကြောင်း သမ္မတရုံး၏ ပြောဆိုချက်ကို ကိုးကားပြီး Reutres သတင်းတွင်ဖော်ပြထားသည်။ ပြီးခဲ့သည့် ကိုးကန့်တိုက်ပွဲအတွင်း တရုတ်ဘက်ခြမ်း ဗုံးကျရောက်ရာ တရုတ်နိုင်ငံသား ၅ဦးသေဆုံးခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။