ထိုင်းနိုင်ငံ ပရာကျွတ်ခရီခန်းပြည်နယ် ဟွာဟင်ဒေသ၌ ဆင် ၃ကောင် ထူးဆန်းစွာသေဆုံးခဲ့ရမှု၌ အဆွမ်ဘူရပါ တရားစခန်းမှ ဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်သူကို ဆင်များသတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားကြောင်း Bangkok Post သတင်းမှာဖော်ပြထားပါတယ်၊ အသက် ၄၈နှစ်အရွယ်ရှိ ဆွန်ပေါင် ယပက်ဒီးဆိုက ၎င်းကိုယ်တိုင်ပြု လုပ်ထားသည့် လျှပ်စစ်ဖြင့် ရှော့ခ်တိုက်ကာ သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဝန်ခံထားပါတယ်၊ အစပိုင်းမှာတော့ သူက ငြင်းဆိုခဲ့ပေမယ့် အသုံးပြုတဲ့ လျှပ်စစ်ဝိုင်ယာကို ရဲကသက်သေအဖြစ် သိမ်းဆည်းမိတဲ့အခါမှာတော့ ဝန်ခံခဲ့တယ်လို့ ပြည်နယ်ရဲအရာရှိကဆိုပါတယ်၊ ပရာကျွတ်ခရီးခန်းပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ တပြိုင်နက်ထဲ ဆင် ၃ကောင်သေဆုံးခဲ့ရတာ ကတော့ သူ့ပြည်နယ်အတွက် အကြီးဆုံးပြဿနာ တခုဖြစ် တယ်လို့ဆိုပါတယ်၊ သေဆုံးသွားတဲ့ ဆင်တွေဟာ အစွယ် ၃၀စင်တီမီတာအရှည်ရှိ ၁၀နှစ်သားအရွယ် ဆင်ထီးတကောင်၊ ၇နှစ်နှင့် ၃နှစ်အရွယ်ရှိ ဆင် မ ၂ကောင်ဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ ညလောက်ကတည်းက တနေရာထဲမှာ အစုလိုက်သေဆုံးနေခြင်းဖြစ်ပါတယ်၊ ဆင်များရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာမရှိသော်လည်း မျက်လုံးနှင့် ပါးစပ်မှာ သွေးများထွက်နေတဲ့အတွက် ဆပိုးသတ်ဆေးဖြန်းထားတဲ့ အစားအစာတွေကို စားသောက်မိတဲ့အတွက် သေဆုံးနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိပါတယ်။ အဆိုပါ ဒေသမှာ ရာဘာစိုက်ခင်းများနဲ့ တခြားသော နာနတ်နဲ့ သီးနှံစိုက်ခင်းများလည်းရှိပါတယ်။ အမျိုးသားဥယျာဉ်က တိရိစ္ဆာန်ဆရာဝန်များကတော့ သေဆုံးသွားတဲ့ဆင်တွေကို စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပြီး လာမည့် ၂ပတ်အတွင်းအဖြေထုတ်နိုင်မယ်လို့ ဆိုပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။