ထိုင်းနိုင်ငံ၌ မနက်ဖြန်ကျရောက်မည့် ဗုဒ္ဓဘာသာဝင်တို့၏ ဓမ္မစကြာ အခါတော် နေ့နှင့် ဝါဆိုလပြည့်နေ့ ၂ရက် အတွင်း အရက်သေစာရောင်းချခြင်းမပြုရန် ထိုင်းဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲမှ ပြောရေး ဆိုခွင့်ရှိသူ ချန်ချိုင်းရက်တနာပန်နစ်ကို ကိုးကား၍ Bangkok Post သတင်းတွင် ဖော်ပြထားသည်။ ထိုတားမြစ်မှုမှာ လာမည့် ၃၀ရက်နေ့ နံနက် ၁နာရီမှ ၃၁ရက်နေ့ ည သန်းခေါင်တိုင် အကြုံးဝင်မည်ဖြစ်ပြီး ချိုးဖောက်သူများကို အရေးယူမည်ဟုဆိုထားသည်၊ ထိုင်းနိုင်ငံတွင် မနက်ဖြန် ကြာသာပတေးနေ့မှစတင်ကာ တနင်္ဂနွေနေ့အထိ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပြီး ထိုပိတ်ရက်ရှည်အတွင်း အန္တရာယ်မဖြစ်စေရန်အတွက် ကား၊ ဆိုင်ကယ် မောင်းနှင်သူများကိုလည်း အရက်သေစာ သောက်စားခြင်းရှိမရှိ စစ်ဆေးသွားမည်ဟု သိရသည်။ ထိုင်းနိုင်ငံတွင် အခါကြီးရက်ကြီးများတွင် အရက်သေစာရောင်းချခြင်း ပိတ်ပင်ထားသည့်အတွက် ဆိုင်ကြီးများတွင် ရောင်းချခြင်းမရှိသော်လည်း လူနေရပ်ကွက်အတွင်းရှိ ဆိုင်ငယ်များတွင်မူ ရောင်းချမှုများ ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။