တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့မှ ဆင်ဖြူဂိတ်တွင် ယမန်နေ့နံနက်က တရုတ်နိုင်ငံဘက်မှ လူနှစ်ဦးစီးနင်းလာသော တရုတ်ဆိုင်ကယ် 4N/—– ကို တားဆီးကို တားဆီးရှာဖွေရာ ရွှေတုံး ၂၀ကို သိမ်းဆည်းရမိကြောင်း အစိုးရသတင်းတွင် ဖော်ပြထားသည်။ ဆိုင်ကယ်စီးလာသူများမှာ ထွက်ပြေးသွားပြီး မူဆယ်အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ ရွှေတုံး ၂ဝ (၁၉ ဒသမ ၄၄၂ ကီလိုခန့်) ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၃၉၈၉၄၄ဝဝ (ကန်ဒေါ်လာ ၆ သိန်း ၇ သောင်းကျော်) ရှိကြောင်းသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။