မြောက်ကိုရီးယားက သူတို့ရဲ့ အထူးစီးပွားရေးဇုန်မှာ ထိုင်းလုပ်ငန်းရှင်တွေ ရင်းနှီမြုပ်နှံဖို့ လိုလား နေတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး တန်နာဆက် ပါတီမာ ပရာဂွန်က မနေ့က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ထိုင်းနိုင်ငံကို လာရောက်တဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Su Young နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စရပ်များကို ဆွေးနွေးစဉ် ထိုသို့ လာရောက် ရင်းနှီးမြုပ်နှံရန် ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သိရပါတယ်။ ဒါအပြင် သတင်းနှင့် နည်းပညာကဏ္ဍ၊ ကျန်းမာရေး၊ ပညာရေး နှင့် တခြားသော ဒေသတွင်း အရေးကိစ္စများကိုပါ ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်၊ ထိုင်းကုမ္ပဏီ Loxiey ဟာ ၁၉၉၆ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ကာ ရင်းနှီးမြုပ်နှံခဲ့ပေမယ့် ၂၀၀၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပါတယ်။ အခု မြောက်ကိုရီးယား နိုင်ငံခြားရေး Ri Su Young ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး နှစ် ၄၀ ပြည့်အထိမ်းအမှတ် လာရောက်ခြင်းဖြစ်ပြီး၊ ဆယ်စုနှစ် တခုအတွင်းမှာ ပထမဆုံးအကြိမ် အဆင့်မြင့် မြောက်ကိုရီးယားခေါင်းဆောင်တဦး လာရောက်ခြင်းဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒါအပြင် ထိုင်းသံရုံးကိုလည်း ပြုံယမ်းမှာ တည်ဆောက်ဖို့လည်းရှိတယ်လို့လည်း သိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။