ဧရာဝတီမြစ်ရှိ ဆည်မြောင်းနှင့် တာတမံများ အခြေအနေကို စုံစမ်းစစ်ဆေးရန် တရုတ်နိုင်ငံ Changjiang Institute of Survey, Planning, Design and Research မှ ပညာရှင် ၅ ဦးသည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် ရောက်ရှိနေကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ ထိုပညာရှင်များသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ညောင်တုန်း ၊ ဇလွန် နှင့် ဟင်္သာတ မြို့နယ်များသို့သွားရောက်ပြီး အခြေခံ အဆောက်အအုံများနှင့် ရေလျှံမှု ထိန်းချုပ်ရေး ဆိုင်ရာ အထောက်အကူပြု အခြေအနေများကို စုံစမ်း စစ်ဆေးပြီး ကွင်းဆင်း လေ့လာကြမည် ဖြစ်သည့် အပြင် ဧရာဝတီ တိုင်းဒေသကြီးတွင် ရေအား လျှပ်စစ် ထုတ်လုပ်ရေးနှင့် ရေလျှံမှု ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ စီမံကိန်း တစ်ရပ်ကို အပြီးသတ် ရေးဆွဲကြမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။