ဗြိတိသျှလူမျိုး ဆာဘွဲ့ရ သူေဋ္ဌးကြီး ရစ်ချက်ဘရန်ဆန်ဆိုရင် သိကြမှာပါ။ ဘန်ကောက်ကို အလည် ရောက် နေတဲ့ သူဌေးကြီးက သူ့အနေနဲ့ ထိုင်းနိုင်ငံက လေကြောင်းပို့ဆောင်ရေး စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
သူဌေးကြီး ရတ်ချတ်ဘရန်ဆန်ဟာ ထိုင်းနိုင်ငံမှာတော့ လောလောဆယ် Virgin Radio ကို စတင် ရင်းနှီး မြုပ်နှံနေပြီး Fitness Centre ကိုလည်း ဖွင့်လှစ်ထားပါတယ်။
Virgin Air ဟာ နိုင်ငံတကာမှာ လူသိများလာတဲ့ လေကြောင်းလိုင်းဖြစ်ပြီး အမေရိကား၊ ဥရောပနဲ့ သြစတေးလျတို့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း လေကြောင်း လိုင်းဈေးကွက်ကို ထိုးဖောက် ဝင်ရောက် နေရာယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ သူဌေးကြီး ဆာရစ်ချက် ဘရန်ဆန်ဟာ အရှေ့တောင် အာရှဒေသအတွင်း လာရောက်လည်ပတ်နေစဉ်အတွင်းမှာ ထိုင်း နဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။