ပါရီအကြမ်းဖက်မှုနှင့် ပတ်သက်၍ ပြင်သစ်ကို ကူညီရန် အဆင်သင့်ရှိဟု ဥရောပသမဂ္ဂ(EU) ဥက္ကဋ္ဌ ဒေါ်နယ် တပ်စ် ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လွန်းထံ စာပေးပို့ကာ ပြောလိုက်ပါတယ်။
“ ဒီတိုက်ခိုက်မှုဟာ ဥရောပနိုင်ငံတွေအားလုံးကို တိုက်ခိုက်လိုက်သလို ကမ္ဘာ့ပြည်သူတွေကိုလည်း တိုက်ခိုက်လိုက်တာပဲ” ဟု သူကဆိုပါတယ်။
G – 20 ခေါင်းဆောင်များတွေ့ဆုံမည့် အစည်းအဝေးမှာလည်း ခြိမ်းခြောက်လာသည့် အစွန်းရောက်ဝါဒနှင့် ပတ်သက်၍ တုံ့ပြန်ရန် ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ဖို့ တောင်းဆိုမယ်လို့ ဆိုပါတယ်။
ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းကတော့ G – 20 ထိပ်သီးအစည်းအဝေးကို တက်ရောက်တော့မှာ မဟုတ်ပဲ၊ စနေနေ့မနက်မှာတော့ အရေးပေါ် ကာကွယ်ရေးကောင်စီ အစည်းအဝေး ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ ပြင်သစ်နိုင်ငံ ပါရီအကြမ်းဖက်မှုတွင် လူပေါင်း ၁၄၀ခန့်သေဆုံးပြီး၊ တိုက်ခိုက်ကာ ဓားစာခံတွေ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ Bataclan ကဇတ်ရုံဟာ လွန်ခဲ့တဲ့ ၁၀လခန့်က အကြမ်းဖက်သမားတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ချာလီဟက်ဘ်ဒို မ ဂ္ဂဇင်းတိုက်နားမှာ ရှိပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့ တနှစ်အတွင်းမှာ ဒုတိယမြောက်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က အကြမ်းဖက်သမားတို့ရဲ့ ချာလီဟက်ဘ်ဒို မဂ္ဂဇင်းတိုက်အတိုက်ခံရမှုမှာ သေဆုံးသူ ၁၂ ဦးရှိခဲ့ပါတယ်။