ပါရီ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သူတဦးမှာ အင်တာပိုလ်ရဲတပ်ဖွဲ့က အလိုရှိသူတဦးဖြစ်ကြောင်း ပြင်သစ် အစိုးရရှေ့နေ François Molins ကပြောလိုက်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဂရိနိုင်ငံကို ဝင်ရောက်ကာ ဆီးရီးယားနိုင်ငံ Idlibမှာ ၁၉၉၀ ခုနှစ် စက်တင်ဘာ လ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့သူ အာမက် အယ် မိုဟာမက် အမည်နဲ့ မှတ်ပုံတင်ခဲ့ကြောင်း၊ သူရဲ့ လက်ဗွေရာဟာအသေခံဗုံးခွဲသူရဲ့ လက်ဗွေရာနဲ့ တူကြောင်းဆိုပါတယ်။
အခုအခါမှာ အကြမ်းဖက်သမား ၅ဦးမှာ သေဆုံးသွားပြီမှာ ထင်ရှားကြောင်း၊ ဘာတာကလန် ကဇတ်ရုံကို တိုက်ခိုက် ခဲ့သူမှာ ပါရီမြို့ မြောက်ပိုင်း ဒရန်စီ အရပ်တွင် နေထိုင်သူ အသက် ၂၈ နှစ်အရွယ်ရှိ Samy Ammour ဆိုသူဖြစ်ပါတယ်။
မနေ့ကတော့ အကြမ်းဖက်မှုတွင် ပါဝင်သူများဖြစ်တဲ့ အိုမာအစ္စမေးလ် မို့စ်တီဖိုင်(၂၉နှစ်)၊ အယ်မူဟန်ဒ် (၂၅နှစ်)၊ အဗ ္ဗလာဘက်(၂၅နှစ်)တို့ကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ အယ်မူဟန်ဒ်ကတော့ ဒုက္ခသည်အနေနဲ့ ဆာဘီးယားကနေ အနောက်ဥရောပကို ဝင်လာသူဖြစ်တယ်လို့သိရပါတယ်။
ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့ကလည်း အကြမ်းဖက်သမားများနှင့် ဆက်နွယ်မှုရှိသူ ၇ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ သေကြာနေ့ ညနေက ဖြစ်ပွားခဲ့တဲ့ ပါရီအကြမ်းဖက်မှုမှာ လူပေါင်း ၁၂၉ ဦးသေဆုံးကာ ၃၅၀ ကျော် ဒဏ်ရရှိခဲ့ပါတယ်။