ထိုင်းနိုင်ငံရှိ ရုရှား အကျိုးစီးပွားများကို တိုက်ခိုက်ဖို့ ဆီးရီးယားနိုင်ငံသား IS အဖွဲ့ဝင် ၁၀ ဦး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာခဲ့ကြောင်း ရုရှား ဖက်ဒရယ် လုံခြုံရေးဌာနက FSB က ထိုင်းရဲတပ်ဖွဲ့သို့ သတင်းပေးထားကြောင်း ထိုင်း khaosod ကဆိုသည်။
သောကြာနေ့ နေ့စွဲဖြင့် ထိုင်းထိုင်းအမျိုးသား လုံခြုံရေး ကောင်စီသို့ ပေးပို့သည့် ရုရှား FSB ၏ ထောက်လှမ်းရေး သတင်းပေးပို့ချက်တွင် “အရေးကြီး” “လျှို့ဝှက်” ဟု ဖော်ပြထားပြီး အောက်တိုဘာလ ၁၅ ရက်နေ့နှင့် ၃၁ ရက်နေ့ ကြားကာလက ထိုင်းဘုရင့်နိုင်ငံတော်တွင်းသို့ IS အဖွဲ့ဝင်များ ဝင်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်ဟု ထိုင်း အခြေစိုက် khaosod သတင်းဌာနက ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်း သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ရုရှားထောက်လှမ်းရေး၏ သတင်းပေးပို့ချက်တွင် အိုင်အက်စ် အဖွဲ့ဝင် ၄ ဦးသည် ပတ်တရားသို့ လည်း ကောင်း၊ ၂ ဦးသည် ဖူးခက်သို့ လည်းကောင်း၊ နောက် ၂ ဦးသည် ဘန်ကောက်သို့ လည်းကောင်း ဖော်ပြထားပြီး အခြား နောက်ထပ် ၂ ဦးသည် နေရာ အတိအကျ မဖော်ပြထားဟု သိရသည်။
အဆိုပါ အကြမ်းဖက်သမားဟု ယုံကြည်ရလောက်သူများ၏ အမည်၊ နာမနှင့် အသေးစိပ်အချက်အလက်များကို မူ ဖော်ပြထားခြင်း မရှိဟု သိရသည်။
ရုရှားထောက်လှမ်းရေး၏ သတိပေးချက်အရ အဆိုပါ ဆီးရီးယား အိုင်အက်စ်အကြမ်းဖက်သမားများ၏ ပစ်မှတ် သည် ထိုင်းနိုင်ငံတွင်း ရုရှားအကျိုးစီးပွားများကို တိုက်ခိုသွားရန် ရည်ရွယ်ထားကြောင်း ဖော်ပြသည်ဟု ဆိုသည်။
ဆီးရီးယားနိုင်ငံတွင်းရှိ အိုင်အက်စ်အိုင်အက်စ်တို့အား ယခုအခါ ရုရှား အပါအဝင် အမေရိကန်ပြည်ထောင်စု၊ဗြိတိန်၊ပြင်သစ်၊ ဂျာမဏီ၊ ဘယ်ဂျီယမ်နှင့် သြစတြီးယားတို့ကလည်း မဟာမိတ်များအဖြစ် လက်တွဲပူးပေါင်း၍ လေကြောင်း စစ်ဆင်ရေးများ ဆင်နွှဲနေချိန်ဖြစ်သည့်အတွက် ရုရှား တာဝန်ရှိသူများအနေဖြင့် ထိုင်းနိုင်ငံတွင်း အကြမ်းဖက်တိုက် ခိုက်မှုများ ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်နေကြောင်း ထိုင်း အာဏာပိုင်များအား တိုက်တွန်းထားသည်။