အိန္ဒိယနှင့် ရုရှားနိုင်ငံအကြား ကာကွယ်ရေးနှင့် စွမ်းအင်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် ရုရှားသမ္မတ ပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ မော်စကိုမြို့မှာ သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီး လာမည် အနှစ် ၂၀အတွင်း အိန္ဒိယနိုင်ငံ၌ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ဘိုးရှိ နျူကလီ ယား ဓါတ်အားပေးစက်ရုံများ တည်ဆောက်သွားမယ်လို့ ရုရှားသမ္မတ ပူတင်ကဆိုလိုက်ပါတယ်။
နျူကလီးယား စက်ရုံတွေကို အန်ဒရာပရာဒေ့ရှ် ပြည်နယ်မှာ တည်ဆောက်မှာဖြစ်ပြီး၊ တမီလ်နာဒူး ပြည်နယ်မှာတော့ တည်ဆောက်နေဆဲပါ။
ဒါအပြင် အမေရိကန် ဒေါ်လာ ၇ ဘီလျံတန်ဘိုးရှိ ကာကွယ်ရေး စာချုပ်လည်းချုပ်ဆိုကာ Brahmo ဒုံးကျည်ထုတ်လုပ်ရေး၊ တိုက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ် တည်ဆောက် ရေးတို့မှာလည်း ပူးတွဲဆောင်ရွက်မယ်လို့ သိရပါတယ်။
စီးပွားရေးဘက်မှာတော့ ရုရှားနှင့် အိန္ဒိယနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရာမှာ အိန္ဒိယ ဝန်ကြီးချုပ် မစ္စတာမိုဒီ က သူ့အစိုးရ၏ အခြေခံ အဆောက်အအုံလိုအပ်ချက်များဖြစ်သည့် ရထားလမ်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေး ကဏ္ဍများတွင် ရုရှားနိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် လိုလားနေသလို နှစ်နိုင်ငံ ဗီဇာလိုအပ်ချက်နှင့် ပတ်သက်၍ လျော့ချသွားမည်ဟု သိရပါတယ်။
သို့သော်လည်း ရုရှားလုပ် S- 400 ဒုံးပျံများ အိန္ဒိယနိုင်ငံက ဝယ်ယူမည့် အစီအစဉ်နှင့် ပတ်သက်၍မူ တိုးတက်မှု တစုံတရာ မတွေ့ရသေးပေ။