လိပ်ကျွန်းအမှု ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုမှု ထိုင်းရဲတပ်ဖွဲ့က ပယ်ချလိုက်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ အဆိုပါအမှုတွင် DNA အပါအဝင် မှုခင်းဆိုင်ရာများ သိပ္ပံနည်းကျ ပွင့်လင်းမြင် သာစွာ နိုင်ငံတကာ အဆင့်မီဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲကပြောသည်။
မြန်မာ ၂ဦး သေဒဏ် ချမှတ်ခြင်းနှင့် ပတ်သက်၍ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က General Prawit Wongsuwon၊ ထိုင်းဘုရင့်တပ်မတော် ဦးစီးချုပ် General Sommai Kaotira တို့ထံ မြန်မာနိုင်ငံသား နှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရ၏ တရားဥပဒေအရ စီစဉ်ဆောင်ရွက်မှုကို လေးစားပါကြောင်း၊ သို့သော်လည်း သက်သေအထောက်အထားများ ခိုင်လုံမှု ရှိ/မရှိ ပြန်လည်သုံးသပ် ဆန်းစစ်ပေးစေလိုကြောင်းတောင်းဆိုထားသလို မြန်မာသံအမတ်ဦးဝင်းမောင်ကလည်း ပြန်လည်စဉ်းစား သုံးသပ်ရန် တောင်းဆိုထားသည်။
အလားတူ မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်၊ မန္တလေး မြို့ကြီးများ အပါအဝင် မုံရွာ၊ ပုသိမ်နှင့် နယ်စပ်မြို့များဖြစ် သည့် ဘုရားသုံးဆူ၊ တာချီလိတ်၊ မြဝတီမြို့များတွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။
ရဲဗိုလ်ချုပ် Piyaphanက ဒီအမှုမှာတရားပြိုင်တွေဘက်က DNA သက်သေခံချက်နဲ့ ချိတ်ထားတယ် ဒါပေမယ့် DNA သက်သေခခံချက်က လိမ်လို့ မရပါဘူးဟုပြောသည်။
ထိုအပြင် ယခုဆန္ဒပြပွဲများ၏ နောက်ကွယ်တွင် နိုင်ငံရေးလှုပ်ရှားမှုများ ပါဝင်ကြောင်း၊ တချို့သော အုပ်စုများက ဖန်တီးနေကြောင်း ပြောလိုက်သည်။