မြောက်ကိုရီးယားက လာမည့်အပတ်အတွင်း တာဝေးပစ်ဒုံးပျံပစ်လွှတ်ရန် ပြင်ဆင်နေတယ်လို့ အမည်မဖော်လို တဲ့ ဂျပန်အစိုးရဝင်တဦးကို ကိုးကားပြီး Kyodo သတင်းကဆိုပါတယ်။ ဂြိုလ်တုကထောက်လှမ်းချက်များအရ တာဝေးပစ်ဒုံးပျံလွှတ်ဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်များတွေ့ရပြီး လာမယ့် တပတ်အတွင်းလွှတ်တင်နိုင်တယ်လို့ တွက်ချက်ခန့်မှန်းကြပါတယ်။
၂၀၁၂ခုနှစ််ကတည်းက မြောက်ကိုရီး ယားဟာ ပထမဆုံး တာဝေးပစ် ဒုံးပျံစမ်းသပ်ခဲ့တာဖြစ်ပြီး၊ အခုထပ်မံစမ်းသပ်မယ်ဆိုရင် ကုလသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ခံနိုင်ပါတယ်။မြောက်ကိုရီးယားဟာ ဒီလထဲမှာပဲ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုပြုခဲ့ပါ သေးတယ်။မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ တရုတ်နိုင်ငံ ခြားရေး ဝန်ကြီးဝမ်ယိတို့ ပီကင်းမြို့မှာ မနေ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။