ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်တွင် ယနေ့ နေ့လည် ၁နာရီကျော်မှ စတင်ကာ မီးလောင်မှု ဖြစ်ပွားနေရာ အိမ် စုစုပေါင်း ၂၀ ခန့် လောင်ကျွမ်းခံနေရကြောင်း၊ ဖြစ်စဉ်မှာ ခိုင်သစ္စာ လက်ဖက်ပွဲရုံမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ ယခုအချိန်အထိ လောင်ကျွမ်းဆဲဖြစ်ပြီး ကျောက်မဲနှင့် သီပေါမြို့နယ်များမှ မီးသတ်ကားများကို ခေါ်ယူထားရကြောင်း၊ ဒဏ်ရာရသူများလည်း ရှိကြောင်း မြို့ခံများ ထံမှသိရသည်။
နန်းဆိုင်နွမ်းပေးပို့သည်။