တောင်ကိုရီးယား ရေတပ်က အငြင်းပွားနေသည့် ရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် မြောက်ကိုရီးယား ကင်းလှည့် ရေယာဉ်တစီးကို မနေ့ကပစ်ခတ်သတိပေးခဲ့ကြောင်း ၊ အဆိုပါ ရေယာဉ်မှာ မြောက်ကိုရီးယားက ဒုံးပျံ ပစ်လွှတ်ပြီးနောက် ဝင်ရောက်လာခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောကြားချက် ကို ကိုးကားပြီး Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားကင်းလှည့်ရေယာဉ်သည် ပင်လယ်ဝါအတွင်း နှစ်နိုင်ငံရေပိုင်နက် အငြင်းပွားနေသည့် နေရာကို ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယား၏ ဒုံးပျံ ပစ်လွှတ်မှုပြီးနောက် တနိုင်ငံလုံးအမြင့်ဆုံးတပ်လှန့်ထားတယ်လို့ လည်းသိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။