မော်စကိုနှင့် စိန့်ပီတာစဘတ်ဂ် မြို့များကို တိုက်ခိုက်မည့် အကြမ်းဖက်သမားလို့ ယူဆရသူ ၇ဦးပါ အုပ်စုကို ရုရှားဖက်ဒရေးရှင်း လုံခြုံရေးတပ်ဖွဲ့(FSB)က Yekaterinburg မြို့တွင် ယနေ့ဖမ်းဆီးလိုက်ကြောင်း ရုရှားသတင်းများတွင် ဖော်ပြထားပါတယ်။ အဆိုပါ အကြမ်းဖက်သမားဟု ယူဆရသူ ၇ဦးဟာ ရုရှားနှင့် အာရှအလယ်ပိုင်းနိုင်ငံများမှသူများဖြစ်ပြီး နိုင်ငံတကာရှိ အကြမ်းဖက်အုပ်စုများနှင့် ဆက်နွယ်နေသူများဖြစ်ပြီး လက်လုပ်ဗုံးများကို အသုံးပြုကာ မော်စကိုနှင့် စိန့်ပီတာစဘတ်ဂ် မြို့များ၌ ကြီးမားသော တိုက်ခိုက်မှုကြီးပြုလုပ်ရန် ကြံစည်နေသူများဖြစ်ကြောင်း FSB ကဆိုပါတယ်။
ပြီးခဲ့သည့် ၂၀၁၅ခုနှစ် နိုဝင်ဘာလက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀ကျော်သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။