ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Siam Commercial Bank ရုံးချုပ်မှာ မနေ့ညက မီးငြိမ်းသတ်တဲ့စနစ်ခလုတ်ကို မတော်တဆနှိပ်မိရာက မီးငြိမ်းရာမှာသုံးတဲ့ pyrogen အငွေ့များထွက်လာတာ ကြောင့် လူ ၈ ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရသွားတယ်လို့ The Guardian သတင်းမှာ ဖော်ပြထားပါတယ်။ SCB ဘဏ်ရဲ့ မြေအောက်ထပ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ စစ်ချက်အရ အဆောက်အဦးရဲ့ မီးသတ်စနစ်ကို ပြင်ဆင်ပေးတဲ့ ကန်ထရိုက်ရဲ့ ပေါ့ဆမှုကြောင့်လိုဆိုပါတယ်။
SCB ဘဏ်ဘက်ကလည်း ဘဏ်ဝန်ထမ်းတွေဟာ မီးသတ်ခလုတ်ကို အမှုမဲ့ အမှတ်မဲ့ ခလုတ်ကို ဖွင့်လိုက်တဲ့အခါမှာ pyrogen ဓာတ်ငွေ့ဟာ ထွက်လာတာဖြစ်တယ်၊ မီးလောင်လို့ ခလုတ်ကို နိုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်၊
ဓာတ်ငွေ့ မတော်တဆမှုကြောင့် ဒဏ်ရာရသူများကို ကုသပေးနေသော ကယ်ဆယ်လုပ်သားများ(ဓာတ်ပုံ – Reuters)