ထိုင်းနိုင်ငံချင်းမိုင်သင်္ကြန် (ဆုန်ခရမ်)မှာ ကာမရာဂကို နိုးဆွစေတဲ့ မပေါ်တပေါ် အဝတ်အစားတွေ၊ အပြုအမူတွေ၊ အကတွေကို မပြုလုပ်ကြဖို့ ချင်းမိုင်မြို့တော်ဝန် Pavin Chamniprasart က ပိတ်ပင်တားမြစ် လိုက် ကြောင်း Ching Mai City News မှာဖော်ပြထားပါတယ်။
သင်္ကြန်ကာလမှာ ချင်းမိုင်မြိုတော်သူ မြိုတော်သားတွေအနေနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်တဲ့ လန်းနားရိုးရာဝတ်စုံတွေသာ ဝတ်သင့်တယ်လို့လည်း မြို့တော်ဝန်က အကြံပေးသွားသလို၊ ရေစိုခံ ပလတ်စတစ် ဒါမှမဟုတ် ရာဘာနဲ့ လုပ်ထားတဲ့ ကိုယ်ခန္ဓာ အတွင်းသားကို ဖောက်ထွင်းမြင်နိုင်တဲ့ အကြည်သား ဘောင်းဘီတိုတွေကို မဝတ်ဖို့၊ ဝတ်မယ်ရင် လူထုအကြား ညစ်ညမ်းတဲ့ အပြုအမူလို့ သတ်မှတ်အရေးယူမယ်လို့ လည်းဆိုပါတယ်။
ဒါအပြင် သင်္ကြန်တွင်း လမ်းဘေးတွေမှာလုပ်တဲ့ ပျော်ပွဲတွေမှာလည်း ယောကျာ်၊ မိန်းမတွေအနေနဲ့ Sexy Danceလို့ခေါ်တဲ့ ကာမနိုးဆွတဲ့ အကတွေ မကဖို့၊ အပေါ်ပိုင်းတွေ မဖော်ဖို့ ၊ ဖော်ရင် ပါတီပွဲကို ပိတ်ပစ်မယ်လို့လည်း မြို့တော်ဝန်က ဆိုပါတယ်။