နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးထင်ကျော်နှင့် ပူးတွဲပြီး လာမည့် မေလ ၁၉ – ၂၀ ရက်နေ့တွင် ရုရှနိုင်ငံ ဆိုချီမြို့တွင် ကျင်းပရန်ရှိသည့် ရုရှ-အာဆီယံ သံတမန်ဆက်ဆံရေး နှစ် ၂၀ အထိမ်းအမှတ် ထိပ်သီးတွေ့ဆုံပွဲသို့ တက်ရောက်ရန် မျှော်လင့်ရကြောင်း အာဆီယံအရေး ကျွမ်းကျင်သူ ဝါရင့် ထိုင်းသတင်းစာဆရာ Kavi Chongkittavorn က ရေးသားထားသည်။ အွန်လိုင်းသတင်းစာ Nikkei Asian Review တွင် ရေးသားချက်အရ အာဆီယံအသင်း အရာရှိများအနေဖြင့် မြန်မာအစိုးရသစ် အထူးသဖြင့် နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဆီယံအသင်းကို မည်သို့ သဘောထားသည်ကို သိလိုနေကြကြောင်း သိရသည်။ လတ်တလော အာဆီယံအသင်းသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ရေပိုင်နက် အငြင်းပွားမှုတွင် အသင်းဝင်များ တသားတည်း ရပ်တည်ရန် ဆော်ဩနေသည်။ ဦးသိန်းစိန်၏ အစိုးရဟောင်းကမူ တောင်တရုတ် ပင်လယ်အရေးသည် မြန်မာနှင့် မဆိုင်ဟု သဘောထားခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် မြန်မာသည် အာဆီယံအသင်းဝင် ဖြစ်လာခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။