ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်း အနီးရှိ နမ့်ဆန်ယန် နှင့် ဘန်ဒေါင်ယန် ဝန်းကျင်တွင် တပ်မတော် နှင့် ကချင်လွတ်လပ် ရေး တပ်မတော် (KIA) တို့ကြား ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
ယနေ့ နံနက် ၁၀ နာရီခန့်က တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့ပြီး ဧပြီလ ၇ ရက် နံနက်ပိုင်း ၇ နာရီခန့်မှ စတင်ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်း ရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ KIA မှ တာဝန်ရှိသူများကို မေးမြန်းရာ အသေးစိတ် မပြောဆိုနိုင်သေးကြောင်း၊ အစည်း အဝေး ပြုလုပ်နေသဖြင့် လက်ရှိတွင် တိုက်ပွဲဖြစ်နေသည်ကိုသာ အတည်ပြုနိုင်ကြောင်း ဧရာဝတီကို ပြောသည်။